အိမ်ပြောင်းသွားပြီ
Sunday, January 11, 2009
ဒီအိမ်မှာမောင်အန်ဒီမရှိတော့ပါ...။ အိမ်ပြောင်းသွားပြီ...။ http://dopus.iblogger.org ကိုပြောင်းသွားပြီ...။
ဒီအိမ်မှာမောင်အန်ဒီမရှိတော့ပါ...။ အိမ်ပြောင်းသွားပြီ...။ http://dopus.iblogger.org ကိုပြောင်းသွားပြီ...။
ငါ့ခြေထောက်တွေအေးစက်ပြီး မျှော်လင့်ချက်မဲ့သွားတယ်
ငေးနေတဲ့ခိုတွေ ဘယ်ပျောက်သွားကြသလဲ
သတိရခဲ့တဲ့ နှလုံးသားတွေ
မွဲတေနေတဲ့တိမ်လိုပျောက်ဆုံး
ငိုငိုမငိုငို ဝေးနေသူအဖို့မထူးဘူး...။
ငါ့လက်တွေလည်း စုတ်ပြတ်သတ်
ဒီကြားထဲ သူခိုးကလည်းပူရဲ့...
ငိုသံတွေလည်း အခိုးခံရ
နှလုံးသားတွေလည်း အခိုးခံရ
မိုးတိမ်တွေလည်းအခိုးခံရ
အချစ်ဟာ ခိုးသူပဲ
အဲ နောက်ဆုံး အချစ်ကိုယ်တိုင်လည်း အခိုးခံလိုက်ရတာ
သူအခိုးခံရတော့ ဘယ်သူငိုမှာလဲ...။
မသက်မသာနဲ့ကုတင်ပေါ်မှာတစ်ယောက်ထဲလှဲနေ
နေကသွားအိပ်လိမ့်မယ်
နာကျင်နေတဲ့အရိပ်တွေ
နာကျင်နေတဲ့သူတစ်ယောက်ရဲ့ရင်ထဲ
သူဘယ်တော့ရောက်မလဲတွေးနေတယ်
ကျီးတွေကလဲနာကျင်စွာအော်နေတယ်
စက္ကန့်တိုင်းဟာလဲအသံမြည်ပြီးဖြတ်သန်းသွား
လာဗန်ဒါပန်းတွေမရှိဘူး
သစ်ခွပန်းတွေမရှိဘူး
သူအားအကျဆုံးကာတွန်းဇာတ်ကောင်တောင်မရှိဘူး
ခေါင်းအုံးတွေတောင်ညနတ်ဆိုးပူးကပ်လို့ငါ့လည်ပင်းကိုလာညစ်တယ်
သူနဲ့အတူ Home Sweet Home လို.
ပျော်ရွှင်စွာရွတ်ဆိုနိုင်မယ့်အချိန်မရောက်တော့ရင်
ငိုယိုတောင့်တမိတဲ့ငါ့ဖြစ်တည်မှုဆိုတာ
ဘာအသုံးကျတော့လိုလဲ ...။
၂၀၀၉ ရောက်ပြီ...။ ထူးမခြားနား နယူးရီးယားကို ဖြတ်ကျော်ဆင်နွဲခဲ့ပြီးသကာလ... ၂၀၀၈ ရဲ့လက်ကျန်တွေကို ပြန်စိတ်ကူးကြည့်မိနေတယ်...။
ကိုယ်ရေးပြီးသမျှတွေလဲပြန်ကြည့်မိတယ်...။ အရင်လိုစိတ်ထင်တိုင်းကြည့်ရတာလဲမဟုတ်ဘူး...။ ဖရီးဂိတ်တို့ဘာတို့ လုံးဝသုံးမရတော့ဘူး...။ Word Press ပြောင်းဖို့တောင် စိတ်ကူးနေပြီ..။ ထားပါတော့...။
ပြန်ကြည့်မိတော့... အချိုးအကွေ့ကြီးက လုံးဝပြောင်းနေသလိုပဲ...။ အစပိုင်းမှာ တခါတလေ လူမှူရေးလိုလို၊ နိုင်ငံရေးလိုလိုရေးမိသေးပေမယ့်... နောက်ပိုင်းကဗျာရယ်၊ ဟာသရယ်၊ ဘာမှအရာမရောက်တဲ့ ကိုယ့်ခံစားချက်တွေရယ်ပဲ ဖိရေး..အဲ..အဲ ကြုံရင်ကြုံသလိုရေးဖြစ်တော့တယ်...။ နန်းညီဆိုတဲ့ ပထမဆုံး အွန်လိုင်းသူငယ်ချင်းတစ်ယောက်ရခဲ့တယ်...။ ပါးစပ်ကစပ်ဆော့ပြီးထောင်လိုက်တဲ့ ရူးပေါဂိုဏ်းကြီးက တကယ်ဖြစ်လာခဲ့တယ်...။ နောက်ပိုင်းဘလော့ရေးရင်း တီတီတန့်တန့်တို့ မမဝါတို့ မက်မက်တို့ ပန်းခင်းတို့ ကိုဂါဒင်နာကြီးတို့အဖွဲ့နဲ့သိခဲ့တယ်... နောက်ပိုင်းမှာတော့ အစ်မကြီးတစ်ယောက်လို ဂျီကျလို့ရပြီး သတင်းဦးသတင်းထူးတွေပြောတဲ့ အစ်မကြီး တူးတူးသာ၊ ဖူးးး ဖူးးး နဲ့ ရေနစ်လေ့ရှိတဲ့ ဆြာဗီ၊ အသည်းကွဲတဲ့ဆြာဂျဲ၊ ရုပ်ပြပြီး ခြိမ်းခြောက်တဲ့ ခေါင်ခေါင် အစရှိတဲ့ စီဗီဂျီတစ်ဖွဲ့လုံး... နောက်ပြီးမေ့ကျန်ခဲ့သမျှဘော်ဒါတွေ အားလုံးပဲ...။
အရင်ကဖြစ်ခဲ့တာတွေ လုပ်ခဲ့တာတွေ ပြန်မပြောချင်တော့ဘူး...။ ပြောနေပြန်ရင်လဲ ရေခဲတုံးကို အရုပ်ထုသလို ပြီးမှာမဟုတ်ဘူးလေ...။ ဆိုတော့ကာ... ရှေ့ဖြစ်လာမယ့်... အဲ..ရှေ့အတွက်ကြိုပြီးစိတ်ကူးယဉ်ကြည့်ရင်ကောင်းမယ်...။ ဒါလဲသိပ်မနိပ်ပါဘူး... အကောင်းဆုံးကတော့ လက်ရှိမှာနေနေတာအကောင်းဆုံးပဲ... ဒါပေမယ့်
ဆြာဂျဲနဲ့ အိဖူးတို့က ခင်မင်မှူနဲ့တက်ဂ်ထားကြတော့ ကျွန်တော်လဲ ခင်မင်မှူနဲ့ စိတ်ကူးယဉ်ကြည့်လိုက်တယ်...
ပိုက်ဆံမပေးရပေမယ့်... ကြီးလာတော့ စိတ်ကူးယဉ်ရတာ ငယ်ငယ်တုန်းကလောက်မကောင်းတော့သလိုပဲ... ငယ်ငယ်ကဆို စိတ်ကူးတွေက လန်းဆန်းတယ်... အနှောင်အဖွဲ့မရှိဘူး...။ ကိုယ့်ဟာကိုယ် တောင်ပေါ်တက်အိမ်ဆောက်မလား... ရတယ်... ဘယ်သူနဲ့မှ မတွေ့ချင်လို့မြေကြီးထဲဆင်းပြီး အိမ်ဆောက်မလား ဖြစ်တာပဲ...။ တစ်ယောက်ထဲ ပင်လယ်ထဲသင်္ဘောနဲ့ ရွက်လွှင့်နေချင်လဲ ဖြစ်တာပဲလေ... စိတ်ကူးယဉ်ပြီး မေ့သွား... နောက်ကြုံတော့ နောက်တစ်မျိုးပြောင်း...ဘယ်လောက်ကောင်းသလဲ...။ ကြီးလာတော့ ဒါလေးစိတ်ကူးယဉ်လိုက်... ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားလိုက်... စိတ်ကူးကကောင်းလွန်းနေရင် လက်တွေ့ဘဝနဲ့စပ်ဟပ်ပြီး စိတ်မသက်မသာဖြစ်လိုက်...။
အခုမောင်အန်ဒီဘာတွေစိတ်ကူးယဉ်နေသလဲ...ဟဲဟဲ။ အရိုးသားဆုံးပြောရရင်... အရက်သမားတွေ တိုစ့်လုပ်လေ့ရှိတဲ့ “အလုပ်မလုပ်ပဲချမ်းသာ... မကြိုးစားပဲ အောင်မြင်” တဲ့ဘဝမှာ မတူးတည်တဲ့မြို့မှာ ညီညီတို့ ခေါင်ခေါင်တို့ဆောက်တဲ့ အိမ်မျိုးထဲမှာ မိန့်မိန့်ကြီးနေပြီး... Access Denied မဖြစ်တဲ့ High-Speed အင်တာနက်ကွန်နက်ရှင်ကို တနေကုန်ထိုင်သုံးမယ်...။ မကျော်မခွပဲ ဘလော့ရေးမယ်...။ ညနေစောင်းရင် ဘလော့လည်သလို အပြင်မှာတကယ် ညီညီတို့ ခေါင်ခေါင်တို့ ကိုဂျဲတို့ ကိုဗီတို့ အစရှိတဲ့ အိမ်တွေတစ်အိမ်ဆင်း တစ်အိမ်တက်ရှောက်လည်ပြီး တစ်အိမ်ဟင်းတစ်တုံးပဲစားဦး ထမင်းလွတ်ပဲ ဟဲဟဲ...။ နေဦးမစားခင် မတူးဆီမှာ လက်ဖြစ်ဘီယာဖြစ်ဖြစ် ဝိုင်ဖြစ်ဖြစ် ရသမျှ အရက်သွားမော့မယ်... စားပြီးရင် ညဘက်တစ်ယောက်ထဲ သီချင်းထိုင်ရေးချင်ရေးမယ်... စာဖတ်ချင်ဖတ်မယ်... ဝီတစ်ပုလင်းနဲ့ ငြိမ့်ချင်လဲ ငြိမ့်မပေါ့...။
တစ်ခါတစ်လေမြို့တက်ပြီး ကလပ်တွေဘာတွေတက် ဘီယာသောက်ချင်သောက်မယ်...။ သိသမျှဘလော့ဂါကြွက်တွင်းတွေအကုန်လုံးကို ဖိတ်ပြီး “သောက်စမ်းသောက်စမ်း” ဆိုပြီးလောင်းထည့်မယ်...။ ကန်မလေးတွေဆို အနားမှာ ဝိုင်းလို့...။ အမယ် ပိုက်ဆံက ဖောခြင်းသောခြင်းကလား...။ ဘီလ်ဂိတ်လို အလှူအတန်းပရဟိတ ဖောင်ဒေးရှင်းကြီးတစ်ခုက ထောင်ထားလိုက်သေး...။ လှူနေတာလဲ တကယ့်ကို ကြောက်ခမန်းလိလိပဲ...။
အင်း.... စိတ်ကူးက ကောင်းလွန်းနေပြီ...။
(ကဲ ပြီးပါပြီ အိဖူးနဲ့ ဆြာဂျဲရေ... ဘလော့တင်လို့မကောင်းတော့ နယူးရီးယားပို့စ်နဲ့ တက်ဂ်ကို တူးအင်ဝမ်းလုပ်လိုက်ရတာတော့ ခွင့်လွတ်ကြပါဗျာ.. )
မနက်တိုင်း ထထပြီး လမ်းလျှောက်တာ၊ စက်ဘီးစီးတာက နိုဝင်ဘာလလယ်လောက်ကစပြီး အကျင့်လိုဖြစ်နေခဲ့တယ်...။ ဒီနေ့ခရစ်စမတ်မောနင်းကျတော့ ဓာတ်ပုံရိုက်ချင်စိတ်ပေါ်လာတာနဲ့ လက်စွဲတော် Olympus ကင်မရာအစုတ်ကလေးဆွဲပြီး ကျွန်တော်တို့ မြို့နယ်ရဲ့ ခရစ်စမတ်မနက်ခင်းကို ရိုက်ဖြစ်ခဲ့ပါတယ်..။ ရိုက်ပြီး စာဖတ်သူတွေကိုမျက်စိဒုက္ခပေးချင်စိတ်ပေါ်လာတာနဲ့ တင်လိုက်တာ...။
Early Sky
Early Sun
Early Prayer
Early Playing
Early Washing
ဟီးဟီး ဒီပုံကရိုက်ဖို့ ချိန်နေတုန်းရှိသေးတယ်...နောက်ကနေ “ကင်မရာနဲ့ ညီလေးဒီခဏလောက်” ဆိုတဲ့ အသံကြားလို့လှည့်ကြည့်လိုက်တော့ ပါဝါရိမ်းဂျားလိုလိုလူတွေတွေ့တာနဲ့ ဒီငနဲတွေရှင်းပြလဲ နားလည်မှာမဟုတ်ပါဘူးဆိုပြီး ဖျတ်ကနဲရိုက်ပြီး စက်ဘီးနဲ့သုတ်ခြေတင်လိုက်တာ နောက်တောင်ပြန်လှည့်လှည့်မကြည့်မိဘူး... လျှပ်တပြက်ရိုက်ချက်ပေါ့...။ :P
Early over-time
Early Gatherer
© Blogger template Newspaper by Ourblogtemplates.com 2008
Back to TOP